ကျွန်ုပ်တို့၏ အကြောင်း

မြန်မာမျိုးသောက်ရေသန့်သည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အမျိုးသား အစားအသောက် ဥပဒေပုဒ် (၉)အရ FDA ထောက်ခံချက်အမှတ် စ၁/ ၁၉၁၈၀၃/ ထလ ထောက်ခံချက် ရရှိပြီး ခေတ်မှီစက်သစ်ကြီးများဖြင့် သန့်ရှင်းစွာ စနစ်တကျ စီမံထုတ်လုပ်ထားသော သောက်ရေသန့် ဖြစ်ပါသည်။

မြန်မာမျိုးသောက်ရေသန့်၏ Water Source ကတော့ ပေ ၁၄၀ ခန့်ရှိ အဝီစိတွင်းမှ ရရှိသောရေဖြစ်ပါသည်။

၎င်းရေကို
၁) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော Pre Treatment ရေသန့်စင်စနစ်၊
၂) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော RO စနစ်၊
၃) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော UV ပိုးသန့်စင်စနစ်နှင့်
၄) OZONE ကို ဖြတ်သန်း သန့်စင် ပိုးသတ်ပြီးမှ တန်ဖိုးရှိစွာ ရရှိလာခဲ့သော အဆင့်မြင့် သောက်ရေသန့် ဖြစ်ပါသည်။

သန့်စင်သောရေကို သောက်သုံးခြင်းသည် ကျန်းမာရေးကို လွန်စွာ အထောက်အကူပြုပါသည်။
မျိုးမြန်မာတို့အတွက် သန့်စင်သော ရေ ရရှိစေခြင်းသည် မြန်မာမျိုးသောက်ရေသန့် မိသားစု၏ စေတနာပင် ဖြစ်ပါသည်။